Posts

Showing posts from April 18, 2017

Facebook ပေါ်က Video တွေကို ပိုက်ဆံ မကုန်ပဲ ဒေါင်းယူနည်း

Image
Facebook ပေါ်က Video တွေကို ပိုက်ဆံ မကုန်ပဲ ဒေါင်းယူနည်း စမ်းကြည့်ကြပေါ့နော်... ဝါသနာပါရင် အချိန်ရရင်ပေါ့ စမ်းသပ်တဲ့အခါမှာ သီချင်းလို သေးသေးလေး စမ်းကြနော် မစမ်းသပ်ခင်မှာ ဖုန်းဘေ...data pack အတိကျ ဘယ်လောက်ရှိတယ် ဆိုတာကို တိတိကျကျ မှတ်ထားပါ လုပ်တာ လွဲ လို့ ကုန်ကုန်မှာ စိုးလို့ ပြောပြတာ လုပ်ရပ်မှန်ရင်တော....ok ပါ Caredit

စက်သုံးဆီ ဒီဇယ်..အောက်တိမ်း 92..95 အကြောင်းသိစရာ

ကားမှာထည်.နေတဲ့ Octane ဆီဆိုတာဘာလဲ ? 92 , 95 ဆိုတာ ဘာတွေလဲ ? ပရီမီယမ် ဓာတ်ဆီ ၊ ပရီမီယမ် ဒီဇယ်ဆီဆိုတာဘာလဲ ? ⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐ ⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐ ဓာတ်ဆီဆိုင်တွေ တော်တော်များများမှာ ရောင်းနေတဲ့ အောက်တိန်းဆီ ( Octane ) ၊ 92 , 95 ဆီဆိုတာလေးနည်းနည်းရှင်းပြချင်လို.ပါ ။ Octane ဆိုတာ...... တော်တော်များများခေါ်ဝေါ်ပြောဆိုနေကြတဲ့ အောက်တိန်းဆိုတာ ရေနံနဲ.သဘာဝ ဓာတ်ငွေ.ကနေလာတဲ့ (Hydrocarbon) ဓာတ်ပေါင်းစုတွေထဲက နာမည်တခုပါ ။ အခု ကားတွေမှာထည်.တဲ့ ဓာတ်ဆီတွေကို ဘာကြောင့် အောက်တိန်းဆီလို. ခေါ်ကြတာလဲဆိုရင် ဓာတ်ဆီ ( Gasoline) ရဲ. အကောင်းဆုံးသော အရည်အသွေးပြည်.မှီ မမှီကို အဲ့ဒီဓာတ်ဆီထဲမှာ အောက်တိန်းအရေအတွက်ဘယ်လောက်ပါဝင်သလဲဆိုတာနဲ.တိုင်းတာယူလို.ပါပဲ ။ Octane Rating Method လို.လဲခေါ်သလို ၊ Research Octane Number (RON) လို.လည်းခေါ်ကြပါတယ် ။ ကားတော်တော်များများမှာလည်း 92 RON , 95 RON ဆိုပြီးကပ်ထားတာလည်း မြင်တွေ.နိုင်ပါတယ် ။ Octane Number က ကားအင်ဂျင်ရဲ.စွမ်းအားနဲ. ဘယ်လိုဆက်နွယ်နေသလဲ ....... ဓာတ်ဆီရဲ. အောက်တိန်း အရည်အသွေးအနိမ့်အမြင့်တွေဟာ ဓာတ်ဆီအင်ဂျင်တခုရဲ. Compression Ration (ဖိသိပ်မှုအချိုး ) နဲ.တိုက်ရိုက်